လမြတ်ဝါဆို
မြန်မာရာသီ ပွဲတော်မှာ
လေးလ မြောက်တဲ့ခါ
ကရကတ်ချိန်ခါ ဝါဆိုလ
ထူးမြတ် ယှဉ်နှိုင်းမရ ။
မြတ်လေးပန်းက အလှပို
ပုန်းညက် မွှေးပျံ့ချို
စိမ်းလဲ့ရွှန်းစို ဤလောက
သာယာ ချမ်းမြေ့လှ ။
မြတ်စွာဗုဒ္ဓ သန္ဓေယူ
သာသနာ့ သမိုင်းမှတ်တိုင်ထူ
တောထွက်တော်မူ မြတ်ဓလေ့
ဝါဆို လပြည့်နေ့ ။
ထူးပေ့မြတ်ပေ့ ဒေသနာ
မိဂဒါဝုန် တောမှာ
ဝဂ္ဂီ (၅) ဖြာ ဟောဖော်ကြား
ဓမ္မစကြာ တရား ။
သစ္စာ(၄) ပါး အရသာ
မဇ္ဈိမ ပဋိပဓာ
မဂ္ဂင်(၈) ဖြာ တရားဦး
အနှိုင်းမဲ့အောင် ထူး ။
ဗုဒ္ဓရည်စူး မြတ်သဒ္ဓါ
ဝါဆိုဦး ချိန်ခါ
ထေရ်သံဃာ ဆရာတော်မြတ်
ဝါဆို သင်္ကန်းကပ် ။
ဘုရားမြတ်ကိုတော့ ပန်းတွေတင်
ဝါဆိုပန်းကပ် ပွဲသဘင်
ကုသိုလ်စုံလင် ကျောင်းကန်ဘုရား
ဥပုသ် ဆောက်တည်ပွား ။
ရှင်ပြုနားသ ပဉ္စင်းခံ
ဗျောစည် အုန်းခြိမ့်ညံ
သဒ္ဓါထက်သန် တစ်ရွာလုံးနွှဲ
လမြတ်ဝါဆို ပွဲ ။
‘၀ါဆို’ ဆိုတဲ့အစိပါယ်ကိုတော့ကျွန်တော်သေသေချာချာဖွင့်ဆိုရှင်းပြမတတ်တာကိုတော့အမှန်ပဲ။ဒါပေမယ့် ‘၀ါဆို’ ဆိုတဲ့စကားလုံးနှစ်လုံးကြားလိုက်တာနဲ့စိတ်ထဲမှာတမျိုးတော့ဖြစ်နေမိတယ်။
ဘာကြောင့်လဲဆိုတော့ငယ်ငယ်တုန်းကအကြောင်းကိုတမ်းတမ်းတတသတိရတယ်လို့ထင်ပါတယ်။
ကျွန်တော်နေခဲ့တဲ့ရွှာလေးတစ်ခုဆိုပါတော့
ဝါဆိုလပြည့်နေ့မရောက်ခင်အဖိတ်နေ့ရောက်ပြီးဆိုရင် လယ်တောမှာကောက်သွားစိုက်ကြတဲ့လုံမပျိုတွေလူပျိုတွေလယ်ဦးကြီးတွေအထုပ်ကိုယ့်ဆီနဲ့ ရွှာဝင်ဝသို့လှမ်းချီးခဲ့ပုံမှာ
တောရွှာဓလေ့ရဲ့သဘာဝရှူခင်းလို့လည်းဂုဏ်ယူဝင့်ကြွားနိုင်ပါတယ်။
ကျွန်တော်တို့အပါအ၀င်ရွှာသူ့ရွှာသားအာလုံးတို့သည်မနက်ဖြန်ဝါဆိုသင်္ကန်းကပ်ဖို့အတွက်ဈေးဝယ်ထွက်ဖို့
လူပ်ဂှားနေကြသည့်မှာပွဲတော်ကျင်းပနေသည်ပမာစည်းကားလှပါသည်။ ၀ါဆိုလသည်ဝါဆိုသင်္ကန်းပွဲတော်သာမကမုန့်ဖက်ထုပ်ပွဲတော်လို့လည်းဆိုနိုင်ပ်ါတယ်။
ရွှာရဲ့ဓလေ့ထုံးစံအရအိမ်တိုင်းအိမ်တိုင်းပာာမုန့်ဖက်ထုပ်ကိုယ့်ဆီလုပ်ကြပြီးလပြည့်နေမနက်ခင်းမှာ
ဘုန်းကြီးကျောင်းဘိုးဘွားမိဘဆရာသမားမိတ်သပာဆွေမျိုးများအိမ်များတို့
လိုက်ပို့ကြပါတယ်။ ၀ါဆိုလပြည့်နေ့ဥပုဒ်နေ့သည်ရွှာထဲရှိသက်ကြီးလူအိုးအာလုံးတို့သည်ဘုန်းကြီးကျောင်းသွားပြီး
တရားကျင်ကြံနေကြပြီးအဲဒီနေ့မှာလုံမပျိုတွေလူပျိုတွေတို့သည်လည်း
ဘုန်းကြီးကျောင်းသွားပြီးဘုရားပန်းလဲသူကလဲတံမြက်စည်းလှည်းသူကလှည်းထမင်းဝိုင်းပြင်သူကပြင
်ရေခပ်သူကခပ်နဲ့ကုသိုလ်လုပ်နေကြပုံမှာကြည်နူးဖွယ်ကောင်းလှပါတယ်။
ဒါအပြင်နှစ်ပေါင်းများစွာကျင်းပလေ့ရှိသော်တရားစခန်းပွဲတော်လည်းဝါဆိုလပြည့်နေ့မှစပြီးတော့
တော်တလင်းလပြည့်နေ့အထိကျင်းပလျှက်ရှိပါတယ်။ထိုကြောင့်လမြတ်ဝါဆိုသည်ကျွန်တော်ဘ၀အတွက်
မမေ့နိုင်တဲ့ရက်မြတ်တရက်ဖြစ်ပါတယ်။
by ; unknown



