Saturday, July 18, 2009

ကြွေလွှင့်သွားခဲ့တဲ့ ကျနော့်ရဲ့ . . .

မေ့ပျောက်လို့ မရနိုင်သေးတဲ့
အတိတ်တစ်ခုကို
ပြန်ပြောင်းစဉ်းစားရင်းနဲ့
အချိန်တွေ ကုန်လွန်ခဲ့တာ
ကြာရောပေါ့ . . . ။
စိန်ပန်းတွေပွင့်တဲ့ ကျောင်းတော်ကြီးရဲ့
တစ်နေရာမှာ
သူမကိုကျနော် … စတွေ့ခဲ့တာ
ဒါပေမယ့်
သူမက ကျနော့်ကို တွေ့ခဲ့တာ
ဟိုးအရင်ကတည်းကပေါ့ … ။
ဆိုတာ
ကျနော်တို့ကျောင်းသားတွေ
ခဏတာတွေ့ဆုံရာပေါ့
ခဏခဏမျက်လုံးချင်းဆုံမိပေမယ့်
ကျနော့်ရဲ့ညံ့ဖျင်းမှုကြောင့်
မျက်လုံးရဲ့ဘာသာစကားကို
ဘာသာမပြန်တတ်ခဲ့ဘူး . . .

By : unkwnon

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP