အများအတွက်တော့ မနက်ခင်းဆိုတာ မင်္ဂလာရှိတဲ့ အရာပါ
ငါ့အတွက်တော့ မနက်ရောက်လာမှာကြောက်တယ်
အိပ်လို့ မပျော်တဲ့ အိပ်မက်ဆိုးတွေနဲ့ ညကိုအထီးကျန်စွာကျော်ဖြတ်ပြီး
နိုးထလာတိုင်း မင်းအကြောင်းပဲခေါင်းထဲရောက်လာတယ်
အဆင်မပြေတဲ့အချစ်ကိုစဉ်းစားမိတိုင်း
တစ်နေ့ တာကိုရင်ဆိုင်ဖို့ အင်အားတွေမရှိတော့ဘူးလေ
ငါဟာပျော့ညံ့သူတစ်ယောက်မဟုတ်ခဲ့တာတော့ မင်းလဲအသိပါပဲ
ဒါပေမဲ့ပေါ့..အချစ်ကအရာအားလုံးကိုပြောင်းလဲပြစ်ခဲ့ပြီလေ
မင်းကိုဘယ်တုန်းကစချစ်မိလဲ? ငါ့ကိုယ်ငါတောင်မသိခဲ့ပါဘူး
မင်းကိုဘယ်တော့လက်လွှတ်ရမလဲ ဒါလဲငါမသိဘူး
မသိတဲ့အနာဂတ်အတွက်အကြောက်တရားက ကြီးစိုးနေတယ်
တစ်ချိန်ကတော့အချစ်ကြောင့်ကျရှုံးရသူတွေကို ကဲ့ရဲ့ခဲ့တာ ငါကိုယ်တိုင်ပါပဲ
ဒီတုန်းက အချစ်ကို မတွေ့ ဖူးသေးပဲလေ
ခုတော့ငါကိုယ်တိုင်ဒီစာရင်းမှာ ထိပ်ဆုံးကပါခဲ့ပြီ
မိုးပြိုမှာကြောက်တဲ့ယုန်ကလေးက အခြေမြစ်မရှိတဲ့စကားကိုယုံပြီး
ထန်းလက်ခြောက်ကြွေတာကိုတောင် မိုးပြိုတယ်ထင်နေခဲ့တာပါ
ငါကတော့ တစ်နေ့ နေ့ ကိုယ့်ရဲ့ကောင်းကင်ပြိုမယ်မှန်းသေချာသိနေတယ်လေ
ဒီသတင်းပေးသူက ငါ့ရဲ့ကောင်းကင် မင်းကိုယ်တိုင်ဖြစ်နေတာကိုး
ဒီလောက်သေချာတာရှိအုံးမလားနော်
တကယ်တမ်းမိုးကောင်းကင်ကြီးပြိုဆင်းလာမယ်ဆိုရင်တောင်
မင်းရဲ့ရင်ခွင်ကိုအကာကွယ်ပြုရင်း လုံခြုံတယ်ထင်နေမိမှာပါ
ခုတော့ပြိုဆင်းမဲ့ကောင်းကင်ကမင်းကိုယ်တိုင်ပေးထားတဲ့ မင်းရင်ခွင်မှာခိုလှုံခွင့်လေ
မဝေးတော့တဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ဖို့ အင်အားလဲမရှိတော့ပါဘူး
မနက်ခင်းတိုင်းကို ခါးသီးစွာကျော်ဖြတ်ရင်း
နေ့ ရက်တိုင်းကိုမုန်းတီးစွာရင်ဆိုင်ရင်းနဲ့ 
တစ်နေ့ နေ့ ဆိုတာကိုရောက်လာမှာကြောက်တယ်။
chocolate blog မှကောက်နုတ်ထားပါသည်။



