Friday, April 8, 2011

မေ့ပစ်လိုက်ဖို့ ခက်ပါတယ်

ကောင်မလေး

ချစ်သူအမိန့်ကို လွန်ဆန်နိုင်ဖို့

ငါ့မှာအားမရှိဘူး

မင်းကိုမေ့ပစ်ဖို့လဲ

ပိုလို့တောင် အားမရှိဘူး

ဒါကြောင့်

စိတ်ကူးနဲ့တော့ ရူးသွပ်နေပါရစေ

မသိနိုင်သေးတဲ့ အနာဂတ်တစ်ခုအတွက်

ပစ္စုပ္ပန်ရဲ့အသည်းကွဲမှုကို

ငါမခံစားချင်ဘူး

မင်းကိုချစ်လို့ခံစားရမယ် ဆိုရင်တောင်

မင်းကို မေ့ပစ်ရတာလောက်

နာမှာမဟုတ်ပါဘူး

ဒါသေချာပါတယ်

အကြောင်းအမျိုးမျိုးကြောင့်

မင်းကို ပိုင်ဆိုင်ခွင့်မရရင်တောင်

ကမ္ဘာပေါ်က ငါအချစ်ဆုံးမိန်းခလေးဟာ

မင်းပါပဲ ကောင်မလေး ရယ် ........

From: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A647161&xgs=1&xg_source=msg_share_post

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP