တောင်တန်းတစ်ဝက်က လင်္ကာတစ်စ
မျှော်လင့်ချက်တွေလေ
ငါ့လက်တွေကြားက
တစက်စက်ယိုစီးနေတာ.........
လေပြေတွေရဲ့ ငိုညည်းသံတွေကြားမှာ
မမှီတဲ့ ပန်းအတွက်
ရင်ခုန်သံတွေနဲ့ တုံးခုနေတာ ငါပေါ့........
တစ်ခါတော့ဆုံဖူးပါရဲ့ 
အမှတ်မထင် အကြည့်တစ်ချက်က
ငါ့ရဲ့ ညတွေအတွက် အိပ်မက်တစ်ခုဖြစ်ခဲ့တယ်။
ကဗျာရယ်........
နင့်အတွက်ကတော့
လေပြေကြားက
စံပယ်တစ်ပွင့်ရဲ့ ရနံ့ လိုပါပဲ.......။
အခွင့်အရေးဆိုတာ
ငါ့အတွက်တော့
ခပ်ဝေးဝေး မှာ
မှေးလျဝေ့ပြယ်နေတဲ့
ပြာမှုန်တစ်ချို့ လိုပါပဲ.......
မဆုံနိုင်တော့ပါဘူး
ဒီလိုပဲ ငါတွေးထားတယ်။
မျှော်လင့်ချက်တော့ရှိပါသေးတယ်
ဒီလိုပဲ ငါယုံထားတယ်။
ငါနင့်ကို အရမ်းချစ်ပါတယ်
ဒီလိုပဲ နင်ယုံထားပေးပါ။
မှော်ဆရာ



