အချစ်ဆိုတာ
မြင်မြင်ချင်း ချစ်မိတတ်တယ်လို့
သိခွင့်ရှိမယ်ဆိုရင်
မျက်ဝန်းတံခါးတွေ
မင်းရဲ့ ရှေ့ မှာ ပိတ်ခဲ့ပါတယ်။
အချစ်ဆိုတာ
နှလုံးအိမ်ကနေတဆင့်
ကူးစက်တတ်တယ်လို့
သိခဲ့မယ်ဆိုရင်
မင်းနဲ့မတွေ့ခင်မှာ
ကိုယ်အပြီးသတ်ခဲ့မိမှာပဲ။
အချစ်ဆိုတာ
လေလိုင်းသံစဉ်ကြောင့်
ကိုယ်စိတ်ရိုင်းသွားမှန်းသိခဲ့ရင်
နူညံတဲ့လေလိုင်းတွေဖြစ်နေပါစေ
မင်းရဲ့ရှေ့မှာ မကြားသလိုနေခဲ့ပါတယ်
အခုတော့……………
By : February



