Friday, August 14, 2009

တစ်ချိန်က.......ကျွန်တော်

တစ်ချိန်က…….
ကျွန်တော်ဆိုတဲ့ကောင်လေးက….”အချစ်”ကို
ဘာမှန်းမသိသေးခင်
ကံကြမ္မာရဲ့ ဖန်ဆင်းမှုအောက်
ချစ်စရာကောင်းတဲ့ ဖန်ဆင်းရှင်လေ
နှလုံးသားထဲ တိုးဝှေ့ ရောက်ရှိလာခဲ့ပေါ့……..။

သူနှင့်စတွေ့ချိန်က…
ဆောင်းမနက်ခင်းရဲ့….နေ့တစ်နေ့
သူမရဲ့
ဖြူစင်တဲ့ မျက်ဝန်း….
ဟန်ဆောင်ခြင်းကင်းတဲ့ အပြုံး…
သိမ်မွေ့ ဖွယ်ကောင်းတဲ့ ဟန်မှုရာ…က
အိပ်ပျော်နေတဲ့ကျွန်တော်နှလုံးသားကို
လန့်နိုးစေခဲ့တယ်လေ။

မြတ်နိုးဖွယ်များစွာ….
ပိုင်ဆိုင်တဲ့…သူကို
ကျွန်တော်နှလုံးသားရဲ့ တောင်းဆိုမှုကြောင့်
“ချစ်တယ်” ဆိုတဲ့ စကား
ဖွင့်အန်ခဲ့ တာပေါ့……။

လောကကြီးက
ကွယ်ပျောက်လုမတတ် ဖြစ်နေတဲ့
နေမင်းရဲ့ နောက်ဆုံးထွက်သက်မှာ
“ချစ်တယ်”ဆိုတဲ့ နူးညံ့သိမ်းမွေ့ 
စကားသံကို…သူမက
လက်ဆောင်ပေးခဲ့တယ်လေ….။

အဲဒီချိန်က…စ
ကျွန်တော်နှင့်သူ
ချစ်စကားလေးတွေ ဖွဲ့နွဲ့
နှလုံးသားချင်းဖလှယ်
ကတိစကားတွေ သီကုံး
ယုံကြည်မှု…နားလည်မှု အပြည့်နဲ့ 
ချစ်ခဲ့ကြတာပေါ့……..။

သူနဲ့တွေ့ခဲ့ချိန်က
အလွမ်းဆိုတာ ဘာမှန်းမသိ….?
ယုံကြည်မှုကို နားလည်မှုနဲ့ ဖလှယ်
အချစ်ကို ဦးစားပေး
အရမ်းကို ပျော်စရာကောင်းတဲ့
ကျွန်တော်ရဲ့
ဟိုအရင်…တစ်ချိန်ကပေါ့

လွမ်းတတ်သူ

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP