Thursday, June 4, 2009

ကြယ်တွေငိုတဲ့ည...


ငါ့ရဲ့ ကြယ်ကလေးရေ
မိုးညရင်ခွင်မှာ
အလင်းပျောက်ခဲ့ရတဲ့ညတွေ
မင်းအားငယ်နေမလားလို့ 
ငါတမ်းတစွာရှာဖွေကြည့်တော့
မိုးရေတွေကအညှိုးတစ်ကြီးငါ့ကိုရက်စက်တယ်
ငါမင်းကိုမမြင်ရဘူးကြယ်ကလေးရေ
မိုးရေတွေက......
ကြယ်ကလေးရဲ့မျက်ရည်တွေလို့ 
ငါယုံကြည်တဲ့အတွက်
ငါ့တစ်ကိုယ်လုံးအေးစက်သွားတဲ့အထိ
အဲဒီမိုးရေတွေကိုငေးကြည့်ရင်း
ငါ့ရင်တွေနာခဲ့ရတာ
မိုးတွေရွာလို့ မင်းမရှိတဲ့ညတွေတိုင်းပါ
အပြစ်ကင်းတဲ့
ကြယ်ကလေးရဲ့ချစ်ခြင်းအောက်မှာ
ရှင်သန်ခွင့်မရှိတော့ပေမယ့်
ကြယ်ကလေးတမ်းတပြီး
လွမ်းနေတတ်တာဟိုအရင်ကလိုပါပဲ
ငါချစ်တဲ့ကြယ်ကလေးရေ
မင်းရဲ့အလင်းမဲ့ညတွေ
မင်းငိုတဲ့ညတွေ....
မင်းမပျော်တဲ့ညတွေမှာ
ကြေကွဲစွာငိုနေခဲ့တဲ့နှလုံးသားတစ်ခု
ရှိတယ်ဆိုတာ..............
မင်းကတော့မသိနိုင်ခဲ့ပါဘူး
ငါ့ရဲ့ချစ်ခြင်းတစ်ခုက....
ငါ့ကိုနာကျင်စေပါတယ်
ငါသိပ်ချစ်တဲ့ကြယ်ကလေးရေ
မင်းငိုတဲ့....ညတွေတိုင်း
ငါလည်းမင်းနဲ့ထပ်တူပဲဆိုတာ..
ဘယ်တော့မှ
မင်းသိမှာမဟုတ်ပါဘူးနော် ။ ။
BY : jameabond007@gmail.comမှရေးသည်။

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP